English
Myanmar
Create your MusicHub today!

Moe Yal Yin Saung Yal Ya Mel
A Chit Eain Met
Wae
Tha Bar Wa
Lucky
Nway Oo Kabyar
2017 Thingyan Present
Thingyan Su Taung
A Htee Kyan Myat Yay
Koe Mway Nayt

ချမ်းချမ်းရဲ့ ဇွဲမလျှော့နဲ့

ပထမ တစ်ကိုယ်တော်အခွေနဲ့ ဒုတိယ အတစ်ကိုယ်တော်ခွေတို့မှာ အောင်မြင်မှုများစွာရရှိထားတဲ့ အဆိုတော် ချမ်းချမ်းဟာ အခုဆိုရင် သူ့ရဲ့ တတိယတစ်ကိုယ်တော်ခွေ ကိုလည်း ပရိသတ်အတွက် အကောင်းဆုံး ကြိုးစားပြင်ဆင် နေကြောင်းသိရပါတယ်။အဆိုတော်ချမ်းချမ်းက သူ့ရဲ့တတိယတစ်ကိုယ်တော်ခွေကို ‘ဇွဲမလျှော့နဲ့’ လို့ ခေါင်း စဉ် ပေးထားပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်နေကြောင်းကိုလည်း “အခုချမ်းချမ်းရဲ့အခွေက အကြမ်းဖျင်းတော့ ပြီးနေပါပြီ။ တီးဖို့ပဲ ကျန်တော့တယ်။ အဲ ဒီတော့ဗီစီဒီလေးတွေ စရိုက်နေတယ်။ နယ်တွေမှာလည်း ရိုက်တယ်။အခုမလေးရှားသွားရင် ထပ်ရိုက်မယ်။ အဲဒီမှာလည်း ၂ ပုဒ်လောက်ရိုက်ခဲ့မယ်။ ချမ်းချမ်းက outdoor ရိုက်တာကို ကြိုက်တယ်။outdoor ဆိုတာက ကြည့်ရတဲ့သူလည်း မျက်စိပသာဒဖြစ်တယ်။ ကမ်းခြေမှာအဓိက ရိုက်မယ်။ တောင်တန်းတွေလည်း ကြိုက်တော့ ကလောနဲ့ အောင်ပန်းတွေဘက်မှာ ရိုက်မယ်။ထွက်လာရင်တော်တော်အဆင်ပြေမယ်လို့ ထင်ပါတယ်” လို့သူကြိုးစားပြင်ဆင်နေပုံကို ပြောပါတယ်။ချမ်းချမ်းက တတိယ
တစ်ကိုယ်တော်အခွေကိုအရင်ခွေထက်ထူးထူးခြားခြားဖြစ်အောင်လုပ် ထားပါတယ်လို့ ပြောပါတယ်။

”ပထမအခွေတုန်းကလည်း အတွဲမရှိဘူး။ ဒုတိယအခွေမှာလည်း အတွဲမပါဘူး။ အခုတတိယအခွေမှာတော့ ချမ်းချမ်းမတွဲဆိုဖူးသေးတဲ့ အဆိုတော်ကောင်လေးသုံးေ ယာက်ပါမယ်။ အဲဒီအဆိုတော်သုံးယောက်ကိုတော့ လျှို့ဝှက်ထားဦးမယ်။ အခွေထွက်မှကြည့်ပေးကြပါ” လို့ ချမ်းချမ်းက ပြောပါတယ်။ ချမ်းချမ်းကိုယ်တိုင်ရေးထားတဲ့ ကိုယ်ပိုင်သံစဉ်သီချင်း၄ပုဒ်ပါ ဝင်မှာဖြစ်ပါတယ်။ကိုယ်ပိုင်သံစဉ်၄ပုဒ်ကို ဘယ်လိုခံစားချက်နဲ့ ရေးထားတာလဲဆိုတာကိုတော့ အဆိုတော် ချမ်းချမ်း က “ဒီသီချင်း၄ပုဒ်က ချမ်းချမ်း ၈ တန်းလောက်ကတည်းက ရေးထား တဲ့ ကိုယ်ပိုင်သံစဉ်သီချင်းလေးပါ။ ကိုယ်ပိုင်သံစဉ်သီချင်းထဲကမှအင်္ဂလိပ်သီချင်းက ၂ ပုဒ်ရယ်၊ မြန်မာသီချင်း၂ ပုဒ်ရယ် ပါ။ ရေးတဲ့ခံစားချက်ကတော့ ငယ်ငယ်လေးကတည်းက ရေးထားတာဆိုတော့ စာသားတွေက ကလေးတော့ နည်းနည်းဆန်တယ်။ ဒါပေမဲ့လည်း ကိုယ်တအားဝါသနာပါ တဲ့အတွက်ကြောင့် ဒီအသက်အရွယ်မှာ ပြန်ပြင််ဆိုလိုက်တော့ ဘာအမှားအယွင်းမှမရှိဘဲ အဆင်ပြေပါတယ်။ ကိုယ်ကြိုက်နေတာလည်း ပရိသတ်တွေ ကြိုက်မယ်လေို့ တာ့ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ချမ်းချမ်းရဲ့ခံစားချက်၊ ခန္ဓာကိုယ် က အတွေးတွေ စာသားတွေဖြစ်တဲ့အတွက်ကြောင့် ချမ်းချမ်း ရဲ့ပရိသတ်ကြိုက်မယ်လို့ ထင်ပါ တယ်” လို့ ပြောပါတယ်။ သူ့ရဲ့အခွေကိုလည်း ၆ လပိုင်း၊၇ လပိုင်းမှာ ထွက်ဖို့ရှိပြီး၊ ကိုယ်ပိုင်သံစဉ်တွေချည်းပဲလုပ်ထားကြောင်း၊ အခုလောလောဆယ်မှာတော့ တေးရေး ဆရာအဖြစ် မြင့်မိုးအောင်၊ လင်းနစ်၊ ဇင်မင်းခန့်၊ ထူးအယ်လင်း၊အောင်လ၊ ချမ်းချမ်း တို့က ရေးသားထားကြောင်း သီချင်းပုံစံသစ်ဖြစ်တဲ့ Classical Music Jazz နည်းနည်း ဆန်တဲ့ သီချင်း၁ ပုဒ်လည်း ထည့်ထားကြောင်း ချမ်းချမ်းက ပြောပါတယ်။

သတင်းကိုဖော်ပြခွင့်ပေးသော Popular Journal (http://popularmyanmar.com) ကိုအထူးကျေးဇူးတင်ရှိပါသည်။