English
Myanmar
Create your MusicHub today!

Moe Yal Yin Saung Yal Ya Mel
A Chit Eain Met
Wae
Tha Bar Wa
Lucky
Nway Oo Kabyar
2017 Thingyan Present
Thingyan Su Taung
A Htee Kyan Myat Yay
Koe Mway Nayt

အချစ်ရေးမှာ ကံ မကောင်းဘူး

ရှိုးပွဲတွေမှာ လူငယ်ပရိသတ်တွေ အခိုင်အမာအားပေးမှုရနေတဲ့ စန္ဒီမြင့် လွင်က လတ်တလောမှာ ရှိုးပွဲတွေ သီဆိုနေရတာများပြီး ဒီလထဲမှာ ထိုက်တန် နဲ့ ဗီဒီယိုဇာတ်ကား တစ်ကားလည်း ရိုက်ကူးထားကြောင်းပြောပါတယ်။ ဒီဇာတ် ကားလေးက ဝိညာဉ်ဇာတ်ကားလေးဖြစ်ပြီး ရိုက်ကွင်းပေါ်က အမှတ်တရတွေ အကြောင်းကို စန္ဒီမြင့်လွင်က “ဆရာဝန်ကောင်မလေးက ကားတိုက်ပြီး ၃လလောက် မြောနေတာ။ သူ့ကိုယ်သူမြောလို့မြောမှန်း မသိဘူး။ သူ့ခန္ဓာ ကိုယ်ကို ပြန်ရှာတော့မှ နောက်ဆုံးဆေးရုံမှာ ဆရာ ဝန်မှန်းသိသွားပြီး သူ့ခန္ဓာ ကိုယ်ထဲ ပြန်ဝင်သွားတော့ ဝိညာဉ်ဘဝကို မမှတ်မိတော့ဘူး။ ဝိညာဉ်လို့လည်း ပြောလို့ရမဘူး။ သူမြောနေတဲ့အချိန်မှာ ကောင်လေးနဲ့သွားတွေ့ တာ။ ရိုက် ကွင်းမှာ အမှတ်တရကတော့ တစ်ကားလုံး ဝတ်စုံ၂စုံပဲဝတ်ရတာ။ အမှတ် တရပဲ။ကိုယ်မြောနေတဲ့ အချိန်မှာ ဝတ်စုံတစ်စုံနဲ့ပဲ။ နောက်ဆုံး ပြန်သတိရတဲ့ အချိန် မှာ ဝတ်စုံတစ်စုံထပ်ဝတ်ရတယ်။ ဇာတ်လမ်းလေးကောင်းပါတယ်။ လူငယ်ဇာတ်လေးပါပဲ”လို့ ပြောပါတယ်။ စန္ဒီမြင့်လွင်ရဲ့ ‘ရှော့ခ်’ ဗီစီဒီသီချင်း ခွေက ရန်ကုန်က ပရိ သတ်တွေရော၊နယ်ပရိသတ်တွေကပါ အထူးအားပေးမှုကို ရရှိကြောင်း ပြောပါတယ်။ ဖေဖော်ဝါရီ၁၄ရက်နေ့မှာတော့ ကန်တော်ကြီး ပဲလေ့စ်မှာ သီချင်းဆိုရမှာ ဖြစ်ပြီး တခြားတော့ နှစ်တိုင်းလိုပဲ ဘာမှ ထွေထွေထူးထူးမရှိကြောင်း ပြောပါတယ်။ လူငယ်တွေ ရင်ခုန်ကြတဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့နဲ့ပတ်သက်ပြီးစန္ဒီမြင့်လွင်က ..

“ရင်ခုန်ရ မယ့်အရွယ် မဟုတ်တော့ ဘူး။အသက်ကလည်း၂၅နှစ် လောက် ရှိပြီဆိုတော့ အသက် ၁၆၊၁၇လုပ်ရမယ့် အယူ အဆလေးတွေကို ဒီးဒီ မလုပ်ဖြစ်တော့ပါဘူး။ ဒီးဒီကတော့ ငယ် ငယ်ကတည်းက လည်း တစ်ခါမှ အင်္ကျီဆင်တူဝတ် ပြီး Valentine’s Day မှာ လျှောက်မသွားဖူးဘူး။ကောင် လေးတွေဆီ ကလက်ဆောင် လေးတွေေ ပးတာမျိုး ၊အရုပ်တွေတော့ ရဖူးပါတယ်”လို့ပြောပါတယ်။ အနုပညာသမားတွေထဲမှာအချစ်ကံကောင်းတဲ့ လူတွေရှိပေမယ့်သူကတော့အဲဒီ လောက် ကြီး အချစ်ရေးမှာ ကံမကောင်း ဘူးလို့ ပြောပြီး အချစ်မရှိဘဲနေတာတော်တော် ကြာပြီဖြစ်ကြောင်း စန္ဒီမြင့်လွင်ကပြော ပါတယ်။

ခိုင်ဝေလွင်

သတင်းကိုဖော်ပြခွင့်ပေးသော Popular Journal (http://popularmyanmar.com) ကိုအထူးကျေးဇူးတင်ရှိပါသည်။