English
Myanmar
Create your MusicHub today!

Moe Yal Yin Saung Yal Ya Mel
A Chit Eain Met
Wae
Tha Bar Wa
Lucky
Nway Oo Kabyar
2017 Thingyan Present
Thingyan Su Taung
A Htee Kyan Myat Yay
Koe Mway Nayt

အချစ်သီချင်းများ နှင့် ဥက္ကာဦးသာ

၂ဝဝဝခုနှစ်ကစပြီး ဥက္ကာဦးသာဆိုတဲ့ နာမည်နဲ့သီးသန့် remix အခွေ တွေ ဆက်တိုက်ထွက်ရှိခဲ့တဲ့ ဥက္ကာဦးသာက အခုသူစီစဉ်တဲ့ ၅ခွေမြောက် အချစ်သီချင်း သီးသန့် Love Songဆိုတဲ့ အခွေ ကို ထွက်ရှိနိုင်ခဲ့ပြီဖြစ်ပါတယ်။ မျိုးကျော့မြိုင်၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ဟဲလေး၊ Lကိုလင်း၊ DJY၊ နွဲ့ ယဉ်ဝင်း၊ တင်ဇာမော်၊ဆုန်သင်းပါရ်၊ ရှင်ဖုန်း၊ငယ်ငယ်၊ကြိုးကြာ၊ Nကိုင်ရာ၊ ချမ်းချမ်း၊ဝိုင်းစုခိုင်သိန်း၊သီရိစံ၊ထက် ထက်ဦးသာ၊ ပုံ့ပုံ့နဲ့ ှဲလုတို့ သီဆို ထားတဲ့ သီးသန့်အချစ်သီချင်းအခွေထဲမှာ တော့ လွန်ခဲ့တဲ့ ၇နှစ်ဝန်းကျင်က သွင်းယူထားတဲ့ သီချင်းတွေ လည်း ပါဝင်ပါတယ်။ “ကျွန်တော် remix ခွေတွေ လုပ်ရင်းနဲ့ အချစ် သီချင်း အခွေလေးလုပ်ချင်တယ်ဆိုတဲ့ စိတ်ကူးနဲ့ စတင် ခဲ့ပါတယ်။တေးရေးတွေကလည်း အများကြီးကူညီပေး ပါတယ်။ တအား မရိုးရှင်း၊ တအား မဆန်းသစ်တဲ့ ပုံစံနဲ့တင်ဆက်ထားပါတယ်။

Audioကတော့ ပြီး တာကြာပါပြီ။ ဗီစီဒီကလည်း ရိုက်ကူးပြီးတာ ၂နှစ် လောက်ရှိသွားပါပြီ။ ထုတ်လုပ်ဖြန့် ချိဖို့အတွက်ကိုလည်း ၂နှစ်လောက် အချိန်ယူခဲ့ရပါတယ်”လို့ ဥက္ကာဦးသာက စီးရီးထွက်ရှိမယ့် အကြောင်း မိတ်ဆက်တဲ့ ဖေဖော်ဝါရီလ၂ရက် စာနယ်ဇင်းရှင်းလင်းပွဲ မှာပြောပါတယ်။ ဥက္ကာဦးသာစီစဉ်တဲ့ Love Song အခွေကိုတော့ ချိုကြည်သာတေးသံသွင်းက ဖေဖော် ဝါရီ ၁ဝရက်ကနေ ၁၄ရက်နေ့အတွင်းဖြန့်ချိမှာ ဖြစ်ပါတယ်။ဗီစီဒီကိုတော့ဒါရိုက်တာဇော်ကို ရိုက်ကူးပေးထားကြောင်းသိရပါတယ်။

P-054

သတင်းကိုဖော်ပြခွင့်ပေးသော Popular Journal (http://popularmyanmar.com) ကိုအထူးကျေးဇူးတင်ရှိပါသည်။