English
Myanmar
Create your MusicHub today!

Moe Yal Yin Saung Yal Ya Mel
A Chit Eain Met
Wae
Tha Bar Wa
Lucky
Nway Oo Kabyar
2017 Thingyan Present
Thingyan Su Taung
A Htee Kyan Myat Yay
Koe Mway Nayt

ရဲလေးရဲ့ “ရကောက် ဘဝနဲ့နေထိုင်ခြင်း”

ရဲလေးရဲ့ ၅ ခွေမြောက် တစ်ကိုယ်တော် စီးရီးဖြစ်တဲ့ “ရကောက် ဘဝနဲ့နေထိုင်ခြင်း”ဆိုတဲ့ စီးရီးသစ်ကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထွက်ရှိတော့မှာဖြစ်ပါတယ်။

ရဲလေးရဲ့ စီးရီးသစ်ထဲမှာတော့ သီချင်း ၁၄ ပုဒ်ပါဝင်မှာဖြစ်ပြီး ဂျေမီ၊ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ အစ္စဏီ၊ ဂျိုကာ၊ ဇေရဲ၊ ပြည့်စုံ၊ အိမ့်ချစ်နဲ့ Bobby Soxer တို့က ပါဝင်သီဆိုပေးထားကြပါတယ်။ တတိယကာရန်အခွေမှာလည်း လူသစ်နှစ်ယောက်ဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့အတွဲက လူသိသွားခဲ့ပြီး ဒီအခွေမှာ လည်းအသစ်တွေပါတာကြောင့် ရဲလေးနဲ့တွဲလိုက်တဲ့ အဆိုရှင်သစ်တွေအနေနဲ့ ဘာကြောင့်လူပိုသိသွားတယ်ထင်မိလဲဆိုတာ ရဲလေးကို မေးကြည့်တော့”သူလည်းကြိုးစား၊ ကိုယ်လည်းကြိုးစားပြီး ကံစပ်လို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ အသစ်တင်တိုင်းလည်း အောင်မြင်တာမဟုတ်ပါဘူး။ ပရိသတ်နဲ့ကံစပ်ပြီး ပရိသတ်ကလည်း ချစ်ဦးမှပါ။ သူတို့ကံကြောင့်ပါ”လို့ ပြောပါတယ်။

“ရကောက်ဘဝနဲ့နေထိုင်ခြင်း”ထဲမှာ ကော်ပီလည်းပါတယ်ဆိုတာကြောင့် ရဲလေးကိုမေးကြည့်တော့”ကော်ပီဆိုပေမယ့် တစ်ပုဒ်လုံးမဟုတ်ပါဘူး။ မှီငြမ်းထားတဲ့သဘောပါ။ ၈ ဘားစာလောက်ပဲ။ နှစ်ပုဒ်ပေါင်းမှ ၁၆ ဘားစာလောက်ပဲ။ အပြည့်မဟုတ်ပါဘူး။ အဲဒါလေးကို ကြိုက်လို့။ ကျွန်တော်က Copy ၊ Owntune အစွဲတော့မရှိပါဘူး။ ဒါပေမဲ့ Owntune လုပ်တာတော့ များပါတယ်။ တစ်ခါတလေတော့ ကော်ပီလုပ်ကြည့်တဲ့သဘောပါ”လို့ ရဲလေးကပြောပြီး အခွေထွက်ရှိမယ့်အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကိုတော့ ဇန်နဝါရီ ၁၅ ရက်၊ နေ့ခင်း ၁ နာရီက စီးတီးစတားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခွေထွက်ရှိမယ့်နေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ မှာတော့ Junction Square မှာ နေ့ခင်း ၁ နာရီက ညနေ ၅ နာရီ အထိ ပရိသတ်များကိုအမှတ်တရ လက်မှတ်ရေးထိုးပေးမှာဖြစ်ပြီး ညနေ ၅ နာရီမှာတော့ Junction Square Outdoor မှာ ရဲလေးနဲ့အတူ အနုပညာညီအစ်ကို မောင်နှမ များက ဖျော်ဖြေပွဲကြီးပြုလုပ်ဦးမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ရဲလေးကို မေးမြန်းရင်းက ရဲလေးမှာ ချစ်သူရှိနေပြီဆိုတာသိရတာကို ဆက်မေးတော့ မကြာခင်မှာ လက်ထပ်တော့မှာဖြစ်ကြောင်းသိလိုက်ရပါတယ်။ “ကျွန်တော်တို့တွဲလာတာ တစ်နှစ်လောက်ရှိပါပြီ။ ဒီနှစ်ထဲမှာယူဖြစ်မှာပါ။ ကျွန်တော့်ဘဝမှာ မိသားစုလေးတစ်စုသိုက်သိုက်ဝန်းဝန်းလိုချင်ခဲ့တာ ကျွန်တော့်ရဲ့ Feel ပါ။ အခု ကျွန်တော့်ချစ်သူကို ရွေးချယ်ပြီးပြီ။ အပြင်လောကကပါပဲ။ ကျွန်တော့်အခွေကိစ္စတွေ၊ ဒီနှစ်ထဲမှာ လုပ်မယ့်ရှိုးကိစ္စတွေပြီးရင် လက်ထပ်မှာပါ။ ဘာကြောင့် ရွေးချယ်ခဲ့တာလဲဆိုတာတော့ ရိုးသားတယ်။ ကျွန်တော့်ကိုလည်း ချစ်တယ်။ ကျွန်တော်က အနုပညာသမားဖြစ်တဲ့အတွက် သူကတစ်ခါတလေတော့ သဝန်တိုတာပေါ့။ ဒါလည်း ညှိနှိုင်းပြီးလက်တွဲသွားကြမှာပါ”လို့ ရဲလေးက သူလက်ထပ်တော့မယ့်အကြောင်းပြောပါ တယ်။

ဒါ့အပြင် စာနယ်ဇင်းရှင်းလင်းပွဲနေ့မှာ ရဲလေး ဆက်ပြောတာကတော့ နှင်းဆီအဖွဲ့မှာ သူမပါတော့ဘူးဆိုတဲ့ အကြောင်းပါ။ ဘာကြောင့်ဆိုတာကို ရဲလေးက”နှင်းဆီအဖွဲ့ အနေနဲ့အောင် မြင်ခဲ့ပြီးပါပြီ။ အမြဲလည်း အောင်မြင်မယ့်အဖွဲ့ပါ။ ကျွန်တော်မပါဘူးဆိုတာက ကျွန်တော် နားလိုက်ချင်လို့ ပါ။ ကျွန်တော့် မှာတခြားဘက်တွေလည်း လုပ်စရာရှိသေးတော့ မနိုင်မှာစိုးလို့ပါ။ ပရော်ဖက်ရှင်နယ်လည်းမဟုတ်တော့ ကျွန်တော်လောဘကြီးမနေတော့ပါဘူး။ ကျွန်တော်မပါတော့ပေမယ့်နှင်းဆီအဖွဲ့ကိုအားပေးနေမှာပါ။ ကျွန်တော်လည်း နှင်းဆီပရိသတ်တစ်ယောက်ပါ။ ကျွန်တော်မပါတော့ဘူးဆိုတဲ့အကြောင်းကို အခု ကျွန်တော်တရားဝင်ပြောတာပါ”လို့ တရားဝင်ကြေညာခဲ့ပါတယ်။

ရဲရဲ

သတင်းကိုဖော်ပြခွင့်ပေးသော Popular Journal (http://popularmyanmar.com) ကိုအထူးကျေးဇူးတင်ရှိပါသည်။