- News
- News Details
အဆိုတော် မျိုးမျိုး နှင့် Ghost Rider
”ကျွန်တော့်ညီ နိုင်ငံခြားက ပြန်လာတာလည်း ပါတယ်။ ပြီး တော့ အရင် လူဟောင်းတွေနဲ့လည်း ပြန်လုပ်ချင်လို့ မေလလောက်မှာ အခွေထွက်မယ်။ ပန့်ခ် ပုံစံကို အရောက်နိုင်ဆုံး ရောက်အောင် လုပ်ထားတယ်။ ဒီအခွေထဲမှာ အလှသီ ချင်းတော့ နည်းလိမ့်မယ်။ ပန့်ခ်ဆန်ဆန်ပဲ ကြမ်းကြမ်း တမ်းတမ်း လုပ်ထားတယ်။ ဒီထဲက သီချင်း ၁ဝ ပုဒ်ထဲမှာ ဂစ်တာကို ဦးစားပေးထားတဲ့ အပုဒ်တွေပဲ ပါ မယ်။ ပြီးတော့ ကျွန်တော် ဒီအခွေ ထဲမှာ တိတိကျကျ လုပ်ထားတယ်။ သီချင်း အားလုံး ၃ မိနစ်ထက် မကျော်ဘူး။ ပြီးတော့ ပန့်ခ်ကို ရှေ့ ဆောင်ခဲ့တဲ့ Ramones အဖွဲ့ကို ရည်ရွယ်ပြီးတော့ ပန့်ခ်နံပါတ် ဝမ်း ဆိုတဲ့ တစ်ပုဒ်လည်း ထည့်ထား တယ်” ဟု မျိုးမျိုးက ဆိုသည်။
”အခုက ပိုပွင့်လင်းလာပြီ ဆိုတော့ ပိုလုပ်လို့တော့ ရပါပြီ။ လက်ခံတာ မခံတာက ပရိသတ် ဆုံးဖြတ်ပေးမှာပါ။ ဒါပေမဲ့ Street Punk ပဲလုပ်လုပ်၊ Pop Punk ပဲ လုပ်လုပ် ကိုယ် ထုတ်လုပ်တဲ့ အနုပညာကို ကိုယ်ကျေနပ်တယ် ဆိုရင် အဆင်ပြေပါတယ်။ ပထမဆုံး ကိုယ့်ကိုယ်ကိုယ် မလိမ်ဘဲလုပ်ဖို့ အရေးကြီးပါတယ်” ဟုမျိုးမျိုးက ပြောသည်။ လာမည့် မေလတွင် မျိုးမျိုး Ghost Rider နာမည်ဖြင့် စီးရီး ထွက်ရှိမှာဖြစ်ပြီး ပန့်ခ် Show ပွဲ လည်း ပြန်လည် ဖျော်ဖြေတော့ မည်ဟု သိရသည်။
ရဲရဲ
သတင်းကိုဖော်ပြခွင့်ပေးသော Popular Journal (http://popularmyanmar.com) ကိုအထူးကျေးဇူးတင်ရှိပါသည်။